Creators X Marketing

Creators X Marketing

Released Thursday, 18th November 2021
Good episode? Give it some love!
Creators X Marketing

Creators X Marketing

Creators X Marketing

Creators X Marketing

Thursday, 18th November 2021
Good episode? Give it some love!
Rate Episode
List

ဒီ Post ကတော့ ပြီးခဲ့တဲ့ရက်က ကြေညာခဲ့တဲ့ 'Kawi's Thoughts' Program ရဲ့ပထမဆုံး Series၊ ပထမဆုံး Episode Post လို့ပြောလို့ရပါတယ်။

Program ရဲ့ ပထမဆုံး Series ကိုတော့ "Trends Thoughts with Kawi" လို့ပေးထားပြီး 'Creators X Marketing' ဆိုတာကတော့ Episode-1 ရဲ့ခေါင်းစဥ်ပါ။EP-1 ကိုတော့ပေါ့ပေါ့ပါးပါးလေးပဲရွေးထားပါတယ်။

ကျွန်တော်တို့ Marketing evolution တွေ၊ နှစ်တွေ၊ အခြေအနေတွေ တဖြေးဖြေးပြောင်းလာတာနဲ့အမျှ Marketing trends တွေကလည်း အမြဲတမ်းကွဲပြားနေတာပေါ့။Operation-centric marketing တွေကနေ Customer-centric ဆီကိုဦးတည်လာခဲ့ကြတယ်။ ပိုမိုကောင်းမွန်တဲ့ အရာတွေကိုလည်းဖန်တီးနိုင်ခဲ့ကြတယ်။

နောက်ပိုင်းမှာ Digital platforms တွေ၊ tech တွေကပါ marketing ရဲ့တစ်စိတ်တစ်ဒေသဖြစ်လာတာ အားလုံးလည်းအမြင်ပါပဲ။

ဒီဘက်နှစ်အပိုင်းတွေမှာ ကျွန်တော်သတိထားမိသလောက်နဲ့ သဘောကျတဲ့ marketing trends တွေထဲကမှ တစ်ခုကတော့ marketing မှာ creators တွေနဲ့ယှဥ်တွဲလာတာကိုပါ။

ဥပမာ မျက်လုံးထဲမြင်အောင်ပြောရရင် ဒီဝန်းကျင်မှာ Comic Creator တစ်ယောက်ကနာမည်ကြီးနေမယ်၊ သူ့ရဲ့ Comic, Art တွေကလည်း အတော်လေးကိုလူကြိုက်များနေတယ်ဆိုရင် Brand တစ်ခုခုက သူ့ရဲ့ Iconic comic or characters တွေနဲ့ သူတို့ရဲ့လုပ်ငန်းမှာ ကြော်ငြာတာမျိုးတွေကို ပြောချင်တာပါ။ (Creators ဆိုတဲ့အပိုင်းမှာ ကဏ္ဍမျိုးစုံပါဝင်ပါတယ်။)

Product တစ်ခုရဲ့ Features & Benefits တွေကိုပြောမယ်၊ Brand နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စာအရှည်ကြီးတွေနဲ့ဖော်ပြမယ်၊ အစရှိတဲ့နည်းလမ်းတွေကို သုံးနေကြတာ နှစ်တွေလည်းအတော်ကြာခဲ့ပါပြီ။ တဖြေးဖြေးနဲ့ဒါတွေဟာ ပျင်းဖို့ကောင်းလာတာတော့အမှန်ပါပဲ။

Customer-centric ဆိုတဲ့အတိုင်း Customers, lead တွေနဲ့ audience တွေကို သူတို့အတွက် အသုံးဝင်၊ အကျိုးရှိစေတာတွေ ပြုလုပ်ပေးဖို့ဟာ မဖြစ်မနေလိုအပ်ပါတယ်။ ဒါဟာ B2C မှာတင်မဟုတ်ဘဲ B2B လုပ်ငန်းတွေမှာလည်းလိုအပ်တဲ့အရာပါ။

ဒီလို Creators တွေနဲ့တွဲပြီး ဖန်တီးတဲ့ concepts တွေကိုသဘောကျရတဲ့ ပထမ တစ်ချက်ကတော့ Emotional Marketing လို့ခေါ်တဲ့ Customer ရဲ့စိတ်ခံစားချက်တွေအပေါ် လွှမ်းမိုးနိုင်မှုဟာ ဒီနေရာမှာအတော်လေးကို impact ဖြစ်စေပါတယ်။

သူတို့သဘောကျရတဲ့ Creator တစ်ယောက်ရဲ့ creation ကိုသင့်ရဲ့ Brand နဲ့တွဲပြီးမြင်လိုက်စေတာက Evergreen Content တစ်ပုဒ်ကို ဖန်တီးလိုက်သလိုပါပဲ။

Emotional Marketing က Brand တစ်ခုအပေါ်ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲဆိုတာ KFC, Nike, Burger King အစရှိတဲ့ Brand တွေကလုပ်ခဲ့ဖူးတဲ့ marketing campaign တွေကိုကြည့်ရင် သိနိုင်မှာပါ။ (ဒီ Campaign တွေအကြောင်းဖတ်ချင်ရင်လည်း နောက်ပိုင်းမှာတင်ဆက်ပေးပါမယ်။)

Word-of-mouth လို့ခေါ်တဲ့ မြန်မာလိုပြောရရင် တစ်ဆင့်စကားတစ်ဆင့်ကြား ဆိုသလိုပေါ့၊ Viral ဖြစ်စေတဲ့အချက်တွေကိုလည်း ဒီလို Creations တွေကနေ ဖန်တီးယူလို့ရပါတယ်။

နောက်ထပ်တစ်ချက်ကတော့ marketing နဲ့တော့သိပ်မဆိုင်ပေမဲ့ကျွန်တော်တို့ Local နဲ့ပိုပြီးသက်ဆိုင်တယ်လို့ပြောလို့ရမယ်ဗျ။ ဒါကတော့ opporturnites တွေပါ။

ဒီလို Creations တွေကနေမှတစ်ဆင့် Creators တွေအတွက် passive income မဟုတ်ရင်တောင် သူတို့အတွက် အခွင့်အရေးတွေကတော့ ပိုမိုများပြားလာမှာပါပဲ။

ဒီနှစ်တွေအတွင်း ရေပန်းစားလာမယ်လို့ ထင်ရတဲ့ Marketing trends တွေမှာ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့အရာတစ်ခုပေါ့။ ဒီလို Creations မျိုးတွေကိုလည်း ပိုမိုမြင်တွေ့ရဖို့မျှော်လင့်သလို ကျွန်တော်တို့ Kawi-Team ကနေလည်း Marketing Service တိုင်းမှာ ဒီလိုမျိုးအကောင်းဆုံး quality တွေကိုပဲ ရအောင် ကြိုးစားပေးမှာပါ။

တစ်ခုသိထားရမှာက ဘယ်လို marketing မျိုးပဲဖြစ်ဖြစ်၊ creations ပဲဖြစ်ဖြစ် ဘယ်အရာမဆို Negative Feedback မဖြစ်ပေါ်အောင်တော့ အထူးသတိထားဖို့ လိုအပ်ပါမယ်။ဒါကတော့ Marketer, Brand Owner, Creators တွေ အားလုံးသတိထားရမယ့်အပိုင်းပါ။

သင့်အနေနဲ့ရော ဒီလို Creators တွေနဲ့ ပြုလုပ်တဲ့ Marketing concepts တွေအပေါ်မှာဘယ်လိုအမြင်တွေရှိလဲ ၊ဘယ် creations ကိုအကြိုက်ဆုံးလဲဆိုတာတွေကို comment မှာ ဝေဖန်ပြောပြသွားလို့ရပါတယ်။

Ep-1 ကတော့ ဒီလောက်ပါပဲ။နောက်ထပ် Episode တွေနဲ့အတူပြန်လည်ဆုံတွေ့ပါအုံးမယ်။

Show More
Rate
List

From The Podcast

"Kawi's Thoughts" Program.ကိုယ့်ရဲ့လုပ်ငန်းက social media platform တွေပေါ်ကနေ အဓိကထား run နေတာမျိူး၊ digital marketing ကိုအဓိကသုံးဖြစ်နေတာမျိုးတွေကြောင့် ဒါတွေနဲ့ပတ်သက်တဲ့ up to date သတင်းတွေ၊ marketing concepts တွေကိုယေဘူယျအားဖြင့် သိချင်တဲ့ လုပ်ငန်းရှင်တွေလည်းရှိသလို၊ SMEs လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ဒါတွေကို မဖြစ်မနေ သိထားသင့်တယ်လို့ မြင်ပါတယ်။Kawi's Thoughts Program ရဲ့အဓိကရည်ရွယ်ချက်ကလည်း ဒီပြဿနာကို Kawi Team အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အနည်းနဲ့အများ အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်ဖို့ပါ။Program ကို အကျဥ်းချုပ်ရှင်းပြရမယ်ဆိုရင် Marketing နဲ့ပတ်သက်သမျှ အသုံးဝင်စေမဲ့အကြောင်းအရာတိုင်းကို Series, Categories တွေပြုလုပ်ပြီး အပတ်စဥ်တင်ဆက်ပေးသွားမှာပါ။သာမန်သမရိုးကျ ကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ စိတ်ကူးပေါက်တဲ့အရာတွေကို ​Post တစ်ခုတင်ပြီး Sharing လုပ်ရုံနဲ့ပြီးသွားတာမျိုးမဟုတ်ဘဲ Concepts တစ်ခုချင်းဆီအလိုက် အပြီးထိ လိုအပ်သလောက် Episodes တွေခွဲပြီး တင်ဆက်ပေးသွားမယ့် Program လို့ပြောလို့ရပါတယ်။ဒါ့အပြင် ဒီ program ကနေတင်ဆက်ပေးသွားမယ့် series တွေကိုလည်း ဖတ်ရှုမယ့်လူတွေအတွက် ရွေးချယ်စရာတွေရှိလာအောင် ပြုလုပ်ပေးသွားမယ့်အပိုင်းတွေ ပါ ပါသေးတယ်။ဘယ်လို Series အကြောင်းအရာတွေကိုတင်ဆက်ပေးပြီး၊ ဘယ်လို Model, options တွေပါလာအုံးမှာလဲ?မကြာခင်မှာ ဒီ Program ရဲ့ပထမဆုံး series ကိုတင်ဆက်ပေးမှာဖြစ်ပြီး ဒါနဲ့အတူ အခြားသော update တွေကိုလည်းပြောပြပေးသွားဖို့ရှိတာကြောင့် ဆက်ဆက်စောင့်မျှော်ပေးဖို့အတွက် ပြောပါရစေ။စီးပွားရေးလုပ်ငန်းတိုင်းအတွက်လိုအပ်တဲ့ Marketing ဆိုင်ရာအကြောင်းတွေသိရဖို့အတွက်လည်း Page ကို Like & Follow ပြုလုပ်ထားနိုင်ပါတယ်။-----------------------------------------------------ဒီအချိန်မှာ Marketing လုပ်ရတာခက်ခဲနေတဲ့ကာလဖြစ်သလို စီးပွားရေးတွေမယိုင်လဲသွားဖို့ကလည်း အရေးကြီးနေပြန်ပါတယ်။ Kawi အနေနဲ့ကလည်း Experienced marketer တွေနဲ့အတူအကောင်းဆုံး Marketing Service တွေကိုဝန်ဆောင်မှုပေးနေတာဖြစ်ပြီး Kawi's services စိတ်ဝင်စားလို့အသေးစိတ်သိရှိရင်တော့ Inbox မှာ Message ပို့ထားပေးနိုင်ပါတယ်။ အကောင်းဆုံးတွေဖန်တီးပေးဖို့အတွက် 'ကဝိ' မှ ကူညီပေးပါရစေ။Mail: kawiinmarketing@gmail.comPhone: 095506725

Join Podchaser to...

  • Rate podcasts and episodes
  • Follow podcasts and creators
  • Create podcast and episode lists
  • & much more
Do you host or manage this podcast?
Claim and edit this page to your liking.
,